Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

စကားလုံးများကပြောသော ကွန်ပျူတာတစ်လုံးနှင့်အင်တာနက်အကြောင်း(စာအုပ်)

Posted on January 9, 2019September 3, 2025 by Han Sann

စကားလုံးများကပြောသော ကွန်ပျူတာတစ်လုံးနှင့်အင်တာနက်အကြောင်းသည် စာရေးဆရာဟန်ဇော် ရေးသားပြုစုသော ကွန်ပျူတာနှင့်အင်တာနက်အကြောင်း အခြေခံအကြောင်းအရာများဖြစ်ပါသည်။ ကွန်ပျူတာနှင့်အင်တာနက်အသုံးပြုသူများ သိရှိနားလည်ထားသင့်သော အိုင်စီတီဆိုင်ရာအခြေခံအကြောင်းအရာများကို ဝေါဟာရများမှ တစ်ဆင့်ချဉ်းကပ်လေ့လာတင်ပြ ထားပါသည်။ ကွန်ပျူတာနှင့်အင်တာနက်အကြောင်းကို အခြေခံအဆင့် လေ့လာလိုသူများအတွက် ရည်ရွယ်၍ ရေးသားထား သောစာအုပ်ဖြစ်ပြီး စာအုပ်တွင် ဖော်ပြထားသော ဝေါဟာရများသည် အိုင်စီတီ(ကွန်ပျူတာနှင့်အင်တာနက်)အသုံးပြုသူတိုင်း အခြေခံအားဖြင့် သိရှိထားသင့်သော အခြေခံဝေါဟာရများဖြစ်ပါသည်။ ဝေါဟာရတစ်ခုစီတိုင်းကို လွယ်လင့်တကူရှာဖွေနိုင်ရန် ဝေါဟာရတစ်လုံးစီအတွက် မာတိကာတွင် စာမျက်နှာနံပါတ်ဖြင့် ချိတ်ဆက်ဖော်ပြထားပါသည်။

စကားလုံးများကပြောသော ကွန်ပျူတာတစ်လုံးနှင့်အင်တာနက်အကြောင်းစာအုပ်တွင် ‌ဖော်ပြထားသည့် အိုင်စီတီ‌ဝေါဟာရ များအတွက် ဘာသာပြန်ဆိုထားခြင်းသည် စာ‌ရေးသူတစ်ဦးတည်း၏သ‌ဘောဖြင့် ပြန်ဆိုသုံးစွဲထားခြင်းဖြစ်ပါသည်။ ‌ဝေါဟာရ များကို ဘာသာပြန်ဆိုရန်ရည်ရွယ်ချက်ထက် လူမှုဘဝတွင် လူသားတိုင်း‌နေ့စဉ်သုံးစွဲ‌နေရ‌သော ကွန်ပျူတာနှင့်အင်တာနက် ဆိုင်ရာအ‌ကြောင်းအရာများကို ‌ဝေါဟာရအ‌ခြေပြု၍ လွယ်လင့်တကူ‌ကောက်ယူသုံးစွဲနိုင်ရန်ဖြစ်ပါသည်။ အိုင်စီတီအသုံးပြုသူ များ မဖြစ်မ‌နေသိသင့်သည့် ‌ဝေါဟာရများ ဖြစ်ပါသည်။ ထို့‌ကြောင့် ကွန်ပျူတာတစ်လုံးအ‌နေဖြင့် ချဉ်းကပ်သင့်‌သော ‌ဝေါဟာရ များကို ‌ဖော်ပြထားပြီး အင်တာနက်အသုံးပြုသူအ‌နေဖြင့် ချဉ်းကပ်သင့်‌သော ‌ဝေါဟာရများဟူ၍လည်း ‌ဖော်ပြထားပါသည်။ ကွန်ပျူတာဟုဆိုရာတွင် ‌နေ့စဉ်သုံးစွဲ‌နေ‌သော မိုဘိုင်းစမတ်ဖုန်းများ၊ တက်ခ်ပလက်များနှင့်ဆက်စပ်ပစ္စည်းများလည်းပါဝင် လာပါသည်။ စမတ်ဖုန်းများမှာလည်း ကွန်ပျူတာများသာဖြစ်ပါသည်။ ထိုသို့‌ဖော်ပြရာတွင် ထပ်‌နေ‌သော‌ဝေါဟာရများရှိ‌နေ သည်ကို စာဖတ်သူအ‌နေဖြင့် ‌တွေ့မြင်ဖတ်ရှုရမည်ဖြစ်ပါသည်။  အိုင်စီတီကို ‌လေ့လာရာတွင် မဖြစ်မ‌နေသိသင့်သည့်အ‌ကြောင်း အရာများဖြစ်‌နေပါသဖြင့် ထိုသို့‌ဖော်ပြထားရခြင်းဖြစ်ပါသည်။

စာအုပ်တွင် စာ‌ရေးသူအ‌နေဖြင့် တင်ပြထား‌သော ‌ဝေါဟာရများနှင့်အ‌ကြောင်းအရာများသည် အိုင်စီတီအသုံးပြုသူအဆင့်ကို ရည်ရွယ်ပါ‌သော‌ကြောင့် အ‌ခြေခံအဆင့်တင်ပြချက်များသာဖြစ်ပါသည်။ အိုင်စီတီနည်းပညာကို အဆင့်မြင့်အဆင့်သော်လည်း‌ကောင်း၊ ပညာရှင်အဆင့်‌သော်လည်း‌ကောင်း ‌လေ့လာလိုက်စားမည် ဆိုပါက ယခုစာအုပ်တွင် ‌ဖော်ပြထားသည်နှင့်မလုံ‌လောက် နိုင်ပါ။ ပညာရပ်ဆိုင်ရာ သီးခြားစာအုပ်များကို ‌လေ့လာဖတ်ရှုမှသာ လုံ‌လောက်နိုင်မည်ဖြစ်ပါသည်။

စကားလုံးများက‌ပြော‌သော ကွန်ပျူတာတစ်လုံးတွင် တင်ပြထား‌သော အ‌ကြောင်းအရာများအတွက် အခန်းကဏ္ဍ(၂)ခုရှိပါ သည်။ ပထမအခန်းကဏ္ဍမှာ ကွန်ပျူတာတစ်လုံး၏ လုပ်ငန်း‌ဆောင်တာများနှင့်သက်ဆိုင်ပါသည်။ ဒုတိယအခန်းကဏ္ဍမှာ ကွန်ပျူတာတစ်လုံး၏ ရုပ်ဝတ္ထုများနှင့်သက်ဆိုင်ပါသည်။ စကားလုံးများက‌ပြော‌သော အင်တာနက်အတွက် တင်ပြထား‌သော အ‌ကြောင်းအရာများတွင် ‌ဝေါဟာရစုစု‌ပေါင်း(၃ဝ)မှတစ်ဆင့်‌လေ့လာရမည့်အ‌ကြောင်းအရာများကို ‌ဖော်ပြထားပါသည်။

စာအုပ်တွင် တူညီ‌နေ‌သော‌ဝေါဟာရများအပါအဝင် အိုင်စီတီ‌ဝေါဟာရစုစု‌ပေါင်း(၄ဝ)ကို ‌ဖော်ပြထားပါသည်။ ‌ဝေါဟာရတစ် လုံးခြင်းကို လွယ်လင့်တကူ ချဉ်းကပ်‌လေ့လာ အသုံးပြုနိုင်ရန်အတွက် ‌ဝေါဟာရများအား စာမျက်နှာအလိုက် အင်္ဂလိပ်အက္ခရာ စဉ်အတိုင်း ‌ဖော်ပြထားပါသည်။ စာအုပ်တွင် ‌ဖော်ပြထား‌သော အ‌ကြောင်းအရာများသည် ပညာရှင်ရှု‌ထောင့်မှ ‌ရေးသား‌ဖော်ပြ ထားခြင်း မဟုတ်ပါဘဲ အိုင်စီတီဘာသာရပ်ကို ‌လေ့လာသူအ‌နေဖြင့် ‌လေ့လာသူရှု‌ထောင့်မှ တင်ပြထားခြင်း ဖြစ်ပါသည်။ စာအုပ်ပါအကြောင်းအရာများသည် ကွန်ပျူတာနှင့်အင်တာနက်အသုံးပြုသူ အခြေခံအဆင့်ကို ရည်ညွှန်းပါသည်။ စာအုပ်ကို ပထမအကြိမ်အဖြစ် ၂၀၁၈ ခုနှစ် ဇွန်လတွင် ဟိမ၀န္တာစာပေမှ စာမျက်နှာ ၁၀၃ မျက်နှာဖြင့်ထုတ်ဝေ၍ တန်ဖိုး ၂၅၀၀ ကျပ်ဖြင့် ရောင်းချပါသည်။

Category: Book

Post navigation

← လူကူးမျဉ်းကျားက လမ်းဖြတ်ကူးလျှင် ကမ္ဘာကျော်နိုင်ပါသည်(စာအုပ်)
တိုက်ဆိုင်မှုအစစ် ဖန်တီး‌ပေးခဲ့သလိုပါပဲ →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme