Han Sann

ဟန်ဆန်း | စာပေနှင့် အနုပညာ

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Me | ကျွန်ုပ်
Menu

အန်ဆိုက်ကလိုပီးဒီးယား

Posted on August 12, 2015 by Han Sann

Uncyclopediaအင်တာပီးဒီးယား၊ နုပီးဒီးယားနှင့်ဝီကီပီးဒီးယားအ‌ကြောင်းတို့ကို စာ‌ရေးသူအ‌နေဖြင့် တင်ပြခဲ့ပြီးဖြစ်သည်။ ယခုတစ်လတွင် အွန်လိုင်းစွယ်စုံကျမ်းများ၏ မူလပုံစံထဲမှ ခွဲထွက်လာသည့် စွယ်စုံကျမ်းမဟုတ်‌သော စွယ်စုံကျမ်းတစ်ခုအ‌ကြောင်းကို တင်ပြလိုသည်။ စွယ်စုံကျမ်း၏အမည်မှာ အန်ဆိုက်ကလိုပီးဒီးယား (Uncyclopedia)ဖြစ်သည်။ အွန်လိုင်းစွယ်စုံကျမ်းတစ်ခုဖြစ်‌သော ဝီကီပီးဒီးယားကဲ့သို့ အ‌ကြောင်းအရာများကို မည်သူမဆိုဝင်‌ရောက်‌ရေးသားနိုင်သည်။ တည်းဖြတ်နိုင်သည်။ သို့‌သော်သူ၏အမည်ကို စွယ်စုံကျမ်းမဟုတ်(Uncyclopedia)ဟု ‌ပေးထားသည်။

အန်ဆိုက်ကလို ပီးဒီးယား

အန်ဆိုက်ကလိုပီးဒီးယား‌ပေါ်တွင် သ‌ရော်စာများ၊ ဖြစ်ရပ်မှန်၊ အ‌ကြောင်းအရာမှန်ဟု ‌ပြောဆိုရန်ခက်ခဲ‌သော အ‌ကြောင်းအရာများ၊ တစ်ပါးသူ၏ လုပ်ရပ်များ၊ အ‌ပြော အဆိုများ၊ အပြုအမှုများနှင့်အ‌ရေးအသားများကို ပျက်ရယ်ပြုပြီး ‌ရေးသား‌လေ့ရှိကြသည်။ သ‌ရော်စာများကို နှစ်ခြိုက်သူများနှင့်သ‌ရော်စာ‌ရေးသားလိုသူများ စိတ်ဝင်စား နိုင်‌သော ဝက်ဘ်ဆိုဒ်တစ်ခုလည်း ဖြစ်သည်။

အန်ဆိုက်ကလို ပီးဒီးယားလိုဂို

အန်ဆိုက်ကလို ပီးဒီးယားကို ၂ဝဝ၅ ခုနှစ် ဇန်နဝါရီ ၅ က စတင်မိတ်ဆက်‌ပေးခဲ့သည်။ Jonathan Huang နှင့် Pseudonymous ဆိုသူ နှစ်ဦးက အန်ဆိုက်ကလို ပီးဒီးယားကို စတင်ထူ‌ထောင်ခဲ့ကြသည်။ ထူ‌ထောင်သူနှစ်ဦးသည် ဝီကီပီးဒီးယားတွင် အ‌ကြောင်းအရာများကို တည်းဖြတ်‌ရေးသားခဲ့ကြ‌သော ဝီကီ‌ရေးသားသူ များဖြစ်သည်။ အန်ဆိုက်ကလိုပီးဒီးယား၏ လိုဂိုကို အာလူးပုံစံပြုလုပ်ထားသည်။ ခဲ‌ရောင်ကမ္ဘာလုံးပုံစံ ဝီကီပီးဒီးယားလိုဂိုကို ပုံစံဖျက်ထားပြီး အန်ဆိုက်ကလို ပီးဒီးယားလိုဂိုအဖြစ် အသုံးပြုထားသည်။

ဘာသာစကား ၇၅ မျိုးဖြင့် အသုံးပြုနိုင်

အန်ဆိုက်ကလိုပီးဒီးယားကို စတင်လွွှင့်တင်ချိန်မှာ အင်္ဂလိပ်ဘာသာစကားဖြင့် ‌ရေးသားနိုင်ရန်၊ ဖတ်ရှုတည်းဖြတ်နိုင်ရန် ပြုလုပ်ခဲ့သည်။ ‌နောက်ပိုင်းကာလများ တွင် အခြား‌သောဘာသာစကားများကိုပါ အသုံးပြုနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ ယခုကာလတွင် ဘာသာစကားခုနှစ်ဆယ့်ငါးမျိုးဖြင့် အန်ဆိုက်ကလိုပီးဒီးယား ကို အသုံးပြု‌နေနိုင်သည်။ အင်္ဂလိပ်ဘာသာစကားဖြင့် ‌ရေးသားဖတ်ရှုနိုင်‌သောအ‌ကြောင်းအရာ‌ပေါင်း သုံး‌သောင်းဝန်းကျင်ခန့် အန်ဆိုက်ကလိုပီးဒီးယားမှာ တည်ရှိ‌နေသည်။ အန်ဆိုက်ကလိုပီးဒီးယားမှာ အင်္ဂလိပ်ဘာသာစကားဖြင့် ‌ရေးသားထား‌သော အ‌ကြောင်းအရာသည် အများဆုံးဖြစ်သည်။ ‌ပေါတူဂီဘာသာ စကားဖြင့် ‌ရေးသားထားသည့် အန်ဆိုက်ကလိုပီးဒီးယားသည် ဒုတိယအများဆုံးဖြစ်သည်။

စီစီလိုင်စင်

အန်ဆိုက်ကလိုပီးဒီးယားအ‌ပေါ်တွင် ‌ရေးသားထားသည့် အ‌ကြောင်းအရာများကို အခမဲ့လွပ်လပ်စွာ ရယူအသုံးပြုနိုင်သည်။ အသုံးပြုနိုင်သည့် လိုင်စင်အ‌နေဖြင့် စီစီ(Creative Commons)လိုင်စင်ကို အသုံးပြုထားသည်။ စီစီလိုင်စင်မှာ မူရင်းဖန်တီးသူသည် မူပိုင်ြဖစ်ပြီး စီးပွား‌ရေးအရအကျိုးအမြတ်အတွက် အသုံးပြုခွင့် မရှိပါ။ မူရင်းကို ပြုပြင်ခြင်း၊ ပြန်လည်မျှ‌ဝေခြင်း၊ ပိုမို‌ကောင်းမွန်လာရန် ဖန်တီးနိုင်‌သော်လည်း မူရင်းဖန်တီးသူအား အသိအမှတ်ပြုခြင်း၊ မူလဖန်တီးသူကို ‌ဖော်ပြ‌ပေးခြင်းတို့ကို ပြုလုပ်‌ပေးရသည်။

ပလာယာငါး‌ချောင်း

ဝီကီပီးဒီးယားတွင် စု‌ပေါင်း‌ရေးသားကြသည့် အ‌ကြောင်းအရာများအတွက် တိကျမှန်ကန်ခြင်း၊ တိကျမှန်ကန်ရန် ကြိုးစားခြင်းနှင့်အ‌ထောက်အထားခိုင်လုံရန် ဝိုင်းဝန်းကြိုးပမ်းခြင်းတို့ကို စု‌ပေါင်း၍လုပ်‌ဆောင်ကြသည်။ ထိုသို့ လုပ်‌ဆောင်နိုင်ရန် ဝီကီပီးဒီးယားက မဏ္ဍိုင်ငါးချက်ကို ချမှတ်၍ လုပ်‌ဆောင်သည်။ ထိုအချက်ငါးချက်ကို ဝီကီပီးဒီးယားက အင်္ဂလိပ်ဘာသာစကားဖြင့် Five pillars ဟု သုံးစွဲသည်။ မဏ္ဍိုင်ငါးချက်တွင် ဆန်းစစ်ခံနိုင်‌သော မှန်ကန်မှု၊ အကိုး အကားထည့်ရန်၊ ကိုယ်ပိုင်ထင်မြင်ယူဆချက်၊ အ‌တွေ့အကြုံအငြင်းအခုံများ၊ အဓိပ္ဋါယ်မရှိ‌သော အချက်အလက်များနှင့်‌ကြော်ငြာများမထည့်ရန်၊ ဘက်လိုက် မ‌ရေးသားရန်၊ ‌ဆောင်းပါးများကို အများမှပြင်ဆင်ခြင်းကို လက်ခံရန်နှင့်မူပိုင်ခွင့်ကင်းလွတ်သည့် အ‌ကြောင်းအရာများကိုသာ ‌ရေးသားရန်စသဖြင့်‌ဖော်ပြထားသည်။ အန်ဆိုက်ကလိုပီးဒီးယားသည် သ‌ရော်ခြင်း၊ ‌လှောင်‌ပြောင်ခြင်း၊ ပျက်ရယ်ပြုခြင်းစသည့်အ‌ကြောင်းအရာများကို ဦးတည်‌ရေးသား‌လေ့ရှိသည်။ အန်ဆိုက်ကလိုပီးဒီးယားတွင်‌ရေးသားသည့် အ‌ကြောင်းအရာအများစုသည် သ‌ရော်ခြင်းရှု‌ထောင့်မှ ‌ရေးသား‌သောအ‌ကြောင်းအရာများ ဖြစ်သည်။ ထို့‌ကြောင့် ဝီကီပီးဒီးယားက ချမှတ်ထားသည့် ဦးတည်ချက်ငါးချက်များကို ‌လှောင်‌ပြောင်သည့်အ‌နေဖြင့် ပလာယာငါး‌ချောင်း(Five pliers)ဟု ‌ခေါ်‌ဝေါသတ်မှတ်ထားသည် ကို ‌တွေ့ရသည်။

သ‌ရော်‌သော တင်ဆက်မှုသာ

အန်ဆိုက်ကလိုပီးဒီးယားတွင် အ‌ကြောင်းအရာတစ်ခု‌ရေးသားရာတွင် ဟာသရှိခြင်းနှင့် ‌ပျော်ရွွှင်မှု‌ပေးနိုင်ခြင်း၊ ဆင်‌ခြေတုံတရားကင်းမဲ့စွာမ‌ရေးသားခြင်းနှင့် လူ့သဘာဝတွင် ဖြစ်‌ပေါ်‌လေ့ရှိသည့် အံဝင်ဂွင်ကျမှုမရှိ‌သော အ‌ကြောင်းအရာများကို ‌လှောင်‌ပြောင်ခြင်းစသည့် စည်းကမ်းချက်သုံးခုဖြင့် ‌ရေးသား‌လေ့ရှိကြသည်။ တည်းဖြတ်သူများသည် အန်ဆိုက်ကလိုပီးဒီးယား၏ မူဝါဒများ၊ သ‌ရော်စာမဆန်သည့် အ‌ရေးအသားများ၊ အန်ဆိုက်လိုပီးဒီးယားနှင့်မကိုက်ညီသည့် အ‌ကြောင်းအရာ များကို တည်းဖြတ်‌လေ့ရှိသည်။ အန်ဆိုက်ကလိုပီးဒီးယားနှင့်မကိုက်ညီသည့် အ‌ခြေအ‌နေများ၊ အချက်အလက်များ ဖြစ်‌ပေါ်လာက ‌ရေးသားသူများကို သတိ‌ပေးခြင်း၊ ‌ရေးသားခွင့်အခိုက်အတန့်တားမြစ်ခြင်းနှင့်ပါဝင်‌ရေးသားသူအဖြစ်မှ ထုတ်ပယ်ခြင်းတို့ကို ပြုလုပ်‌လေ့ရှိသည်။

သ‌ရော်ထားသည့် အ‌ကြောင်းအရာများ

အန်ဆိုက်ကလိုပီးဒီးယားသည် သ‌ရော်စာများကို ဦးတည်‌ရေးသား‌သော‌ကြောင့် ‌ရေးသားတင်ဆက်ထားသည့် အ‌ကြောင်းအရာအများသည် တိကျမှန်ကန်မှု အားနည်း‌ကြောင်း ‌တွေ့ရသည်။ သို့‌သော်လည်း သ‌ရော်စာတို့၏ ထုံးစံအတိုင်း ဖြစ်‌ပေါ်‌နေ‌သော အ‌ခြေအ‌နေများ၊ အံဝင်ခွင်ကျမဖြစ်မှုများနှင့်ပတ်သက်‌သော အနီးစပ်ဆုံးအ‌ကြောင်း အရာများကို ‌ရေးသား‌ဖော်ပြ‌လေ့ရှိ‌ကြောင်း ‌တွေ့ရသည်။ သတင်းစာစည်းမျဉ်းအရ အတည်မပြုနိုင်‌သော သတင်းများ၊ အ‌ကြောင်းအရာ များ၊ စွယ်စုံကျမ်းတစ်‌စောင်ပြုစု ရာတွင် လိုအပ်‌သော ခိုင်လုံသည့် အ‌ထောက်အထားများမရရှိနိုင်သည့် အ‌ကြောင်းအရာများကို အန်ဆိုက်ကလိုပီးဒီးယားတွင် ‌ရေးသား‌လေ့ရှိ‌ကြောင်း ‌တွေ့ရသည်။ သ‌ရော်စာများအပါအဝင် အတည်မပြုနိုင်‌သော အတည်ပြုခွင့်မရရှိ‌သော သတင်းများ၊ အ‌ကြောင်းအရာများ၊ ‌ကောလဟလများကိုလည်း ‌ရေးသား‌ကြောင်း‌တွေ့ရသည်။

အန်ဆိုက်ကလို ပီးဒီးယား အခွဲများ

ဝီကီပီးဒီးယားသည် အွန်လိုင်းစွယ်စုံကျမ်းအပြင် အခြား‌သော  စာ‌ပေ၊ သတင်း၊ အဘိဓာန်နှင့် သိပ္ဋံဆိုင်ရာအ‌ေကြာင်းများအတွက်လည်း စု‌ပေါင်း‌ရေးသားခြင်း၊ တည်းဖြတ်ခြင်းလုပ်ငန်းခွဲများကို လုပ်‌ဆောင်လျှက်ရှိသည်။ ထို့နည်းအတူ အန်ဆိုက်ကလိုပီးဒီးယားကလည်း လုပ်ငန်းခွဲအ‌နေဖြင့် လုပ်‌ဆောင်လျှက်ရှိသည်။ ထိုသို့လုပ်‌ဆောင်ရာတွင်လည်း ဝီကီပီးဒီးယားကို ‌လှောင်‌ပြောင်၊ သ‌ရော်သည့်အ‌နေဖြင့် လုပ်‌ဆောင်‌ကြောင်း တွေ့ရသည်။ ဝီကီပီးဒီးယားမှ ဝီကီစာအုပ် (Wikibooks)ကို စာအုပ်မဟုတ်(Un Books)ဟု လည်း‌ကောင်း၊ ဝီကီသတင်း(Wikinews)ကို သတင်းမဟုတ်(Un News)ဟု လည်း‌ကောင်း၊ ဝီကီအဘိဓာန် (Wikitionary)ကို အဘိဓာန်မဟုတ်(Undictionary)ဟုလည်း‌ကောင်းနှင့် ဝီကီတက္ကသိုလ်(Wikiversity)ကို တက္ကသိုလ်မဟုတ်(Uncycloversity)ဟုလည်း‌ကောင်း သ‌ရော်၍ လုပ်‌ဆောင်ထား‌ကြောင်း ‌တွေ့ရသည်။ ထို့အပြင် ဝီကီပီးဒီးယားနှင့်မသက်ဆိုင်သည့် ဝီကီအ‌ဖြေ(Wiki Answers)ကို အ‌ဖြေမဟုတ်(UnAnswers)ဟု ‌လှောင်‌ပြောင်ထားသည်။

ဝီကီပီးဒီးယားနှင့် အန်ဆိုက်ကလို ပီးဒီးယား

ဝီကီပီးဒီးယားသည် နိုင်ငံတကာရှိ အ‌ကြောင်းအရာများ၊ ပညာရပ်ဆိုင်ရာများ၊ ဗဟုသုတရနိုင်‌သောအ‌ကြောင်းအရာများနှင့် ပညာရပ်ဆိုင်ရာအ‌ကြောင်းများကို အတတ်နိုင်ဆုံး တိကျရန်၊ မှန်ကန်ရန်၊ ဘက်လိုက်မှုကင်းလွတ်ရန်၊ ထင်မြင်ယူဆချက်၊ သ‌ဘောထားအမြင်များ ကင်းလွတ်‌စေရန် ဦးတည်သည်။ အန်ဆိုက်က လိုပီးဒီးယားသည် လူ့အဖွဲ့အစည်းအတွင်းမှာရှိ‌သော အံဝင်ခွင်ကျမဖြစ်‌သော အ‌ခြေအ‌နေများ၊ ‌လှောင်‌ပြောင်ပျက်ရယ်ပြုနိုင်ဖွယ်အ‌ခြေအ‌နေများနှင့်အတည်ပြုရန် မလွယ်ကူ‌သော ‌ကောလဟလများကို ‌ရေးသား‌လေ့ရှိသည်။ အန်ဆိုက်ကလိုပီးဒီးယားသည် ဝီကီပီးဒီးယားနှင့်မတူညီသည့် အ‌ကြောင်းအရာများကို ခွဲထွက်‌ရေးသားသည်။ သို့‌သော်လည်း ဝီကီပီးဒီးယား၏ နည်းပညာ၊ သ‌ဘောတရား၊ အယူအဆ၊ လုပ်ထုံးလုပ်နည်း၊ လုပ်ငန်းလုပ်‌ဆောင်သည့် ပုံစံများ၊ စု‌ပေါင်း‌ရေးသားခြင်း၊ စု‌ပေါင်း‌တည်းဖြတ်ခြင်းနှင့်ဘာသာစကားမျိုးစုံဖြင့်‌ရေးသားနိုင်ရန် ကြိုးပမ်းအားထုတ်မှုများသည် တူညီ‌သောအချက်အလက်အချို့ဖြစ်သည်။

စာ‌ပေ‌ရေးသားသည့်လုပ်ငန်းများတွင် သ‌ရော်စာ‌ရေးသားခြင်းသည် ခက်ခဲ၍ ‌ရေးသားနိုင်သူနည်းပါး‌သော စာ‌ေပပညာရပ်တစ်ခုဖြစ်သည်။ ဝီကီပီးဒီးယားသည် အချိန်တိုအတွင်း ‌အောင်မြင်မှု၊ ထင်ရှားမှုကြီးမားခဲ့သည်။ ပူး‌ပေါင်းပါဝင်‌ရေးသားကြသည့် အ‌ကြောင်းအရာအင်အားသည်လည်း အလွန်များပြားလျှက်ရှိသည်။ အန်ဆိုက်ကလိုပီးဒီးယားသည် လူသိနည်းပါးပြီး ပူး‌ပေါင်းပါဝင်‌ရေးသားကြသည့် အ‌ရေအတွက်နှင့်လွွှင့်တင်နိုင်‌သောအ‌ကြောင်းအရာ အင်အားလည်း နည်းပါး‌နေ ‌သေး‌ကြောင်း ‌တွေ့ရသည်။ ထိုအချက်သည် သ‌ရော်စာ‌ရေးသားရ‌သော‌ကြောင့် ‌ရေးသားသူအ‌ရေအတွက်နှင့် အ‌ကြောင်းအရာနည်းပါး‌နေခြင်းလည်း ဖြစ်နိုင်သည်။

မည်သို့ပင်ဆို‌စေ အန်ဆိုက်ကလိုပီးဒီးယားသည် စိတ်ဝင်စားစရာ‌ကောင်းသည့် အင်တာနက်စာမျက်နှာတစ်ခုဖြစ်သည်။ ဘဝအ‌မော်နှင့်စိတ်ပင်ပန်းမှုများကို ဖွင့်ချ ခွင့်၊ အ‌မော်‌ပြေခွင့်နှင့် လူ့‌လောက၏ မွန်းကျပ်‌နေသည့် မွန်းကျပ်မှုများကို တနည်းတစ်ဖုံ‌လျော့ပါး‌စေမည့် အင်တာနက်လိပ်စာတစ်ခုလည်း ဖြစ်သည်။ အန်ဆိုက် ကလိုပီးဒီးယား၏ အင်တာနက်လိပ်စာမှာ http://uncyclopedia.wikia.com ဖြစ်သည်။

 ဟန်‌ဇော်

ကိုးကား။  ။ဝီကီပီးဒီးယား

အိုင်ကွန်မဂ္ဂဇင်း၊ ဇူလိုင် ၂ဝ၁၂ ခုနှစ်

Category: Uncategorized
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

Recent Posts

  • အိုဘယ့်… အို…တေးမြုံငှက်
  • သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
  • စံ(Standard)တစ်ခုပဲ ရှိပါတယ်
  • ၀ဿန်ချိန်ခါ
  • သည်းခံနိုင်၏ သည်းမခံနိုင်၏
© 2025 Han Sann | Powered by Minimalist Blog WordPress Theme