ဖေဖေ၏ ပုံတူ
Mixed Media | 2014 | Han Sann
ဖေဖေ၏ ပုံတူ လက်ရာဟာ အဖေနဲ့သားအကြားမှာရှိတဲ့ သားအဖဆက်ဆံရေး ကို တင်ပြထားတဲ့ ဖခင်ပုံတူလက်ရာဖြစ်တယ်။ ၂၀ဝ၈ ခုနှစ်က ရိုက်ကူးထားတဲ့ ဓာတ်ပုံ၊ ၂၀ဝ၉ ခုနှစ်က ရိုက်ကူးထားတဲ့ ဗီဒီယို၊ အဖေ့ရဲ့ လက်ရေးမူဖြစ်တဲ့ မွေးနေ့အမှတ်တရ မေတ္တာစာနဲ့ ကုဗတုံး တစ်ခုတို့ကို ဖေဖေ၏ ပုံတူ လက်ရာအတွက် အသုံးပြုထားတယ်။ ဖေဖေ့ကို ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှာ မွေးဖွားခဲ့တယ်။ ၂၀၁၄ ခုနှစ်ဟာ ဖေဖေ့ရဲ့ ၆၅ နှစ်ပြည့်မွေးနေ့ ဖြစ်တယ်။ ဖေဖေဟာ စာပေနဲ့အနုပညာကို နှစ်သက်အားပေးသူဖြစ်ပါတယ်။ ဖေဖေ၏ ပုံတူ လက်ရာကို ကြားခံအလွှာမတူညီတဲ့ ဓာတ်ပုံ၊ လက်ရေးမူနဲ့ ဗီဒီယိုတို့ကို အသုံးပြုပြီးတင်ပြဖို့ စိတ်ကူးရခဲ့တယ်။ ကြားခံအလွှာများ ပေါင်းစည်းဖို့အတွက် အမည်းရောင်ကုဗတုံးတစ်ခုကို အသုံးပြုလိုခဲ့တယ်။ အမည်းရောင်ကုဗတုံးကို ကျွန်တော့် ဖေဖေက ပြုလုပ်ပေးခဲ့တယ်။
“Portrait of Dad”
Mixed Media | 2014 | Han Sann
“Portrait of Dad” was a painting which tried to express the communication between a father and a son. One picture taken in 2008, one movie clip made in 2009, one hand written script of birthday wish by dad, and a cube were used to create this portrait. My Father was born in February 15, 1949. The year 2014 will be a sixty-fifth year of my dad. My father was always a fan of literature and art. I got an idea to create this portrait by using different media such as picture, movie clip, and a script. And I used a black cube to unite all these different media. My dad made this black cube for me.