Han Sann

ဟန်ဆန်း | စာပေနှင့် အနုပညာ

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Me | ကျွန်ုပ်
Menu

မြန်မာဝတ္ထုတို မျိုးဆက်သစ်

ဝတ္ထုတိုမျိုးဆက်သစ်ပြုစုပျိုးထောင်ခြင်းကို ပထမဦးဆုံးမြန်မာဝတ္ထုတိုဖော်ပြခဲ့သော သူရိယမဂ္ဂဇင်းက ဝတ္ထုတိုခရီးအစတွင်ပင် အကောင် အထည်ဖော်နိုင်ခဲ့ပါသည်။ မောင်သိန်းတင် မသိန်းရှင် ဝတ္ထုတိုဖော်ပြသည့် ၁၉၁၇ ခုနှစ် မတ်လတွင် သူရိယမဂ္ဂဇင်း၏ ဝတ္ထုတိုပြိုင်ပွဲကို ဖိတ်ခေါ် ခဲ့သည်။ ဝတ္ထုတိုပြိုင်ပွဲဆုရသူများကို ကလောင်အမည်ဖော်ပြခြင်းမပြုဘဲ ရေးသူဆုရသည်ဟုသာ ဖော်ပြခဲ့သည်။ စာမူဖော်ပြရာတွင်လည်း သရုပ် ဖော်ပုံအသုံးပြုခြင်းမရှိခဲ့ဟုဆိုပါသည်။

သူရိယမဂ္ဂဇင်းဝတ္ထုတိုပြိုင်ပွဲ၏ ပထမဦးဆုံးမျိုးဆက်သစ်ကလောင်ရှင်မှာ ပြည်မောင်တင်(ဒဂုန်ရွှေမျှား)ဖြစ်သည်ဟု ဦးကြီးမောင်(ငွေဥဒေါင်း) က မြန်မာဝတ္ထုတိုသမိုင်းစာတမ်း(ပထမတွဲ)တွင် ထည့်သွင်းဖော်ပြခဲ့ပါသည်။ ထို့ကြောင့် သူရိယမဂ္ဂဇင်းသည် ပထမဦးဆုံးမြန်မာဝတ္ထုတိုဖော်ပြ ခဲ့သော မဂ္ဂဇင်းဖြစ်ခဲ့သလို ဝတ္ထုတိုမျိုးဆက်သစ်များ ပြုစုပျိုးထောင်ခဲ့သည့် မဂ္ဂဇင်းတစ်စောင်လည်းဖြစ်သည်။

ဝတ္ထုတိုမျိုးဆက်သစ် ပြုစုပျိုးထောင်ခြင်းကို ၁၉၁၇ ခုနှစ်နောက်ပိုင်းတွင် ထုတ်ဝေခဲ့သောမဂ္ဂဇင်းများကလည်း အစဉ်တစိုက်အားထုတ်ခဲ့သည်ကို တွေ့ရပါမည်။ ထိုသို့ပျိုးထောင်နိုင်ရန် ဝတ္ထုတိုကလောင်သစ်ကဏ္ဍဖွင့်လှစ်ခြင်းနှင့်မျိုးဆက်သစ်ဝတ္ထုတိုစာပေဆုပေးခြင်းတို့ဖြင့် ကြိုးပမ်းအား ထုတ်ခဲ့ကြကြောင်းတွေ့ရပါမည်။

စာရေးသူ၏ သိမှုနယ်ပယ်အရ ပေဖူးလွှာမဂ္ဂဇင်း၏ ကလောင်ငယ်စာမျက်နှာ၊ ပန်းဝေသီမဂ္ဂဇင်း၏ တက္ကသိုလ်ကဏ္ဍနှင့်ရွှေအမြုတေမဂ္ဂဇင်း၏ ရွှေအသစ်ကဏ္ဍတို့သည် ဝတ္ထုတိုမျိုးဆက်သစ်များ မွေးထုတ်ပေးခဲ့သော မဂ္ဂဇင်းစာမျက်နှာများဖြစ်ပါသည်။ ထို့အတူ မိုးဝေမဂ္ဂဇင်း၊ ဟန်သစ် မဂ္ဂဇင်းနှင့် ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းတို့ကလည်း ဝတ္ထုတိုမျိုးဆက်သစ်များနှင့်သစ်လွင်သောစာပေရေးဟန်များကို အားပေးစင်တင်ပေးခဲ့ သည်ကို တွေ့ရမည်ဖြစ်ပါသည်။ ဝတ္ထုတိုမျိုးဆက်သစ်စာပေဆုအနေဖြင့် ရွှေအမြုတေမျိုးဆက်သစ်စာပေဆုကိုလည်း တွေ့ရမည်ဖြစ်ပြီး ဝတ္ထုတို မျိုးဆက်သစ်များပေါ်ထွန်းလာရေးအတွက် ကြိုးပမ်းမှုတစ်ရပ်အဖြစ် အသိအမှတ်ပြုရမည်ဖြစ်ပါသည်။

မဂ္ဂဇင်း၊ အယ်ဒီတာ၊ ဝေဖန်ရေးဆရာနှင့် မျိုးဆက်သစ်စာပေဆုများသည် ဝတ္ထုတိုမျိုးဆက်သစ်များ ရှင်သန်မွေးဖွားရန် မြေတောင်မြှောက်ပေးနိုင် ခဲ့ကြောင်း မြန်မာ့ဝတ္ထုတိုရာပြည့်ခရီးကို ခြေရာကောက်ကြည့်ခြင်းအားဖြင့် သိမြင်နိုင်ပါသည်။

ဟန်ဆန်း

ကိုးကားစာရင်း

၁။ မြန်မာဝတ္ထုတိုသမိုင်း၊ ဦးကြီးမောင်(ငွေဥဒေါင်း)၊ ဝတ္ထုတိုစာတန်း(ပထမတွဲ)

၂။ ကိုလိုနီခေတ်မြန်မာစာပေသမိုင်း၊ မောင်ခင်မင်(ဓနုဖြူ)မြန်မာ့ဝတ္ထုတို မဂ္ဂဇင်းများ

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

Recent Posts

  • အိုဘယ့်… အို…တေးမြုံငှက်
  • သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
  • စံ(Standard)တစ်ခုပဲ ရှိပါတယ်
  • ၀ဿန်ချိန်ခါ
  • သည်းခံနိုင်၏ သည်းမခံနိုင်၏
© 2025 Han Sann | Powered by Minimalist Blog WordPress Theme